သိမ်ဆိုတာ ထေရဝါဒဗုဒ္ဓသာသနာရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ သိမ်မရှိရင် ရဟန်းသံဃာဆိုတာ မရှိနိုင်ပါဘူး။ စောရဟန်းသိမ်ဟာ အနော်ရထာမတိုင်မီခေတ် ပုဂံမှာ ထေရဝါဒဗုဒ္ဓသာသနာ တည်ရှိနေပြီးဖြစ်တယ်ဆိုတာ ညွှန်ပြနေတဲ့ အကောင်းဆုံး အထောက်အထားတစ်ခု ဖြစ်ပါတယ်။ စောရဟန်းမင်းရဲ့ ကောင်းမှုကုသိုလ်ဆိုတော့ ဒီထဲက စောရဟန်းမင်းဟာ ပုပ္ပါးစောရဟန်းမင်းဆိုရင် အေဒီ ၆၁၃ ခုနှစ် ဖြစ်ပါတယ်။ ညောင်ဦးစောရဟန်းမင်းဆိုရင်တော့ အေဒီ ၉၁၇ ခုနှစ် ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေနေ၊ ဒီသိမ်ရှိနေတာ (သို့မဟုတ်) ပုဂံမှာ ထေရဝါဒဗုဒ္ဓသာသနာ ရှိနေတာ အနော်ရထာထက် နှစ်ပေါင်းတစ်ရာကျော် စောတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။
- စောရဟန်းမင်းသိမ်အကြောင်း စျာန်သစ်အောင် ရေးထားတာ ရှိပါတယ်။
- စောရဟန်းမင်းဆိုတော့ တိဘက်မှာလို ဗုဒ္ဓသာသနာ ရဟန်းတစ်ပါးက ဘုရင်လုပ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာလား စဥ်းစားစရာပါ။ ပုဂံနဲ့ တိဘက် အဆက်အစပ် ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပြီး သုံးသပ်ရမှာပါ။ အနော်ရထာက သာသရေးနဲ့ နိုင်ငံရေးကို ခွဲထုတ်ဖို့ ထေရဝါဒကို ပိုပြီး အားပေးခဲ့တာလား သုံးသပ်ရန်
- ကုန်းဘောင်ခေတ်အထိ ဦးထုပ်ဆောင်းတဲ့ ဘုန်းကြီးတွေ ရှိသေးတယ်။ နှိမ်နင်းပစ်လိုက်တာ။ သာသနဝိသောဓနီကျမ်း (တတိယနံမော်ဆရာတော်) ကို ကြည့်ပါ။ အဲ့ဒီဂိုဏ်းက ဇင်းမယ်မှာ ကျန်ခဲ့တယ်။ လက်ရှိဆိုရင် မိုင်းဖုန်းဆရာတော်တို့ အဆက်အနွယ်ပေါ့။ ရှမ်းပြည်က ရှမ်းဂိုဏ်း (?) က သီးသန့်ဂိုဏ်းအနေနဲ့ ပေးဖို့ တင်ပြတာကို လက်မခံဘဲ သုဓမ္မာဂိုဏ်းထည့်လိုက်တယ်။
No comments:
Post a Comment